သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

သပိတ်ကျင်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၄-၁၁-၂၀၂၂)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် သပိတ်ကျင်း မြို့နယ် (၇)မိုင်ကျေးရွာ ရပ်/ ကျေးဥက္ကဌဦးခင်မောင်သိန်းနေအိမ်တွင် သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ သပိတ်ကျင်းခရိုင်ကော်မတီဝင် ဦးကျော်ဇော၊သပိတ်ကျင်းမြို့နယ် ဥက္ကဌ ဦးထွန်းတင့်နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စနစ်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အား တိုးချဲ့ စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။