ပါကစ္စတန် ကျောင်းနေအရွယ်ကလေးငယ်များ၏အနာဂတ်ကို ဖျက်ဆီးခဲ့သော ရေလွှမ်းမိုးမှုများ

ပါကစ္စတန်နိုင်ငံရှိ သုံးနှစ်သားအရွယ် အက်ဖ်ရှန်သည် ကျောင်းသို့ သွားရောက်ရာတွင် ပုပ်စော်နံနေသောရေများဖြင့် ပြည့်လျှံနေသည့် မြောင်းတစ်ခုပေါ်တွင် ဖြတ်ထိုးထားသော တံတားတစ်စင်းပေါ်မှ ယိုင်တီးယိုင်တိုင်ဖြင့် ဖြတ်သန်းသွားလာနေရသည်။ နိုင်ငံအရှေ့တောင်ပိုင်း ချန်ဒန်မိုရီမြို့ရှိ ၎င်း၏စာသင်ခန်းသည် စံချိန်တင်ရွာသွန်းသော မုတ်သုံမိုးကြောင့် ရေကြီးခဲ့ပြီးနောက် လက်ရှိတွင် အက်ဖ်ရှန်နှင့် ၎င်း၏မောင်နှမများ နေ့စဉ်ကျောင်းတက် ရသည့် အခြေအနေဖြစ်သည်။ “ကလေးတွေကို ဒီတံတားကို ဖြတ်ပြီး ကျောင်းကို လွှတ်ရတာအန္တရာယ်များတဲ့ အလုပ်တစ် လုပ်ပါ” ဟု အသက် ၂၃ နှစ်အရွယ်အက်ဖ်ရှန် ၏ဖခင်ဖြစ်သူ အဗ္ဗဒူလ်ကာဒါက ပြောကြားခဲ့သည်။ “ဒါပေမဲ့လည်း ကျွန်တော်တို့ ရဲ့ကလေးတွေ အနာဂတ်လုံခြုံဖို့အတွက် မဖြစ်မနေလုပ်နေရတာပါပဲလေ”ဟု ၎င်းကဆိုသည်။

လူဦးရေသုံးပုံတစ်ပုံခန့်က တစ်နေ့လျှင် လုပ်ခလစာ လေးဒေါ်လာ အောက်သာရရှိပြီး ခက်ခဲကြမ်းတမ်းစွာ နေထိုင် နေရသည့် ပါကစ္စတန်နိုင်ငံတွင် ပညာရေးသည် ဆင်းရဲတွင်းမှ ရုန်းထွက်ရန် ရှားပါးလက်မှတ်တစ်စောင် ဖြစ်သည်။ သို့သော် ယခုနှစ်နွေရာသီတွင် ရေကြီးမှုသည် ကျောင်းပေါင်း၂၇၀၀၀ ကို ပျက်စီးစေခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းကြုံတွေ့ခဲ့ကာ လူ ၇၀၀၀ ကျော်သည် အကူအညီပေးရေးစင်တာများတွင် နေထိုင် နေရသည်ဟု ကုလသ မဂ္ဂ၏ကလေးသူငယ်ရန်ပုံငွေအဖွဲ့ က ထုတ်ပြန်ထားသည်။ ယင်းရလဒ်ကြောင့် ကလေးငယ် ၃.၅ သန်း၏ ပညာရေးသည် အနှောင့်အယှက်ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင်ဆိုသည်။

“အရာရာတိုင်းက ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့တွေရဲ့ ပညာသင်နိုင်တဲ့အခြေအနေတွေ ဆုံးရှုံးသွားပါပြီ”ဟု ၎င်း၏နေအိမ်နှင့် ကျောင်း ရေနစ်မြှုပ်ကတည်းက အနီးအနားရှိ ယာယီတဲများတွင် နေထိုင်နေရသော အသက် ၁၀ နှစ်အရွယ် ကမ်ရန်ဘက်ဘာက ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်မှုကြောင့် မိုးရွာသွန်းမှု မဖြစ်ခင်က အက်ဖ်ရှန်နှင့် ၎င်းတို့ညီအစ်မများသည် ကျောင်းသို့အတူတကွ သွားရောက်ခဲ့ကြသည်။ မုတ်သုံ မိုးရွာသွန်းပြီး နှစ်လခွဲကြာပြီးသည့် အချိန်အထိ ၎င်း၏ကျောင်းသည် ရေဆက်လက်နစ်မြုပ်လျက်ရှိသည်။

ယောကျ်ားလေးနှင့် မိန်းကလေး ၃၀၀ ကျော်တို့သည် ယာယီတဲ သုံးခုဆီသွားရောက်၍ ယင်းတဲများတွင် ပလတ် စတစ် အခင်းများခင်းထားသော ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ဆရာမများ၏ မေးခွန်းများကို သံပြိုင်ဖြေဆိုနေကြသည်။

နေ့လယ်ခင်းအချိန်သို့ရောက်ရှိသောအခါ နေရောင်သည် ပူပြင်းစွာ ကျရောက်လာချိန်၌ ကျောင်းသား၊ ကျောင်း သူများသည် မှတ်စုစာအုပ်များဖြင့် ယပ်တောင်ခတ်နေကြကာ ညစ်ညမ်းနေသော ရေများဖြင့် ရေဆာလောင်မှုကို ဖြေဖျောက်နေရသည်။

“ကျောင်းသား၊ ကျောင်းသူတွေ နာမကျန်းတဲ့အခါ ဒါဟာ ကျောင်းတက်ရောက်မှုအပေါ် သိသိသာသာ သက်ရောက် မှုရှိစေပါတယ်”ဟု ဆရာတစ်ဦးဖြစ်သည့် နော်အာမက်က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်ကျော်က COVID-19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများကို ၁၆ လကြာ ပိတ်ထားခဲ့ရသည်။ ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံကို ရေအောက်ထဲသို့ ရောက်ရှိစေခဲ့ပြီး လူ ရှစ်သန်းကို ရွှေ့ပြောင်းနေ ထိုင်စေခဲ့သည့်ရေကြီးမှုများသည် ယခုအချိန်အထိ လူအများအပြားကို ခက်ခဲသည့်အခြေအနေအား ကျော်လွှားနိုင်ခြင်းမရှိအောင် လုပ်ဆောင်နေလျက်ရှိသည်။ အနီးအနားရှိ မောင်ဒါမြို့လေးတွင် မုတ်သုံမုန်တိုင်းများကြောင့် အစိုးရစာသင်ကျောင်းများ၏ အမိုးများ ပျက်စီးခဲ့ သည်။ နံရံများမှာလည်း အက်ကွဲနေပြီး လက်ရှိတွင် ကျောင်းသားများသည် ကျောင်းပြိုကျမည့်အရေးကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ကျောင်းသားများသည် ကျောင်းဝန်းအတွင်းရှိ အရိပ်ရသောသစ်ပင်တစ်ပင်အောက်တွင် စာသင်ကြား နေရပြီး မိန်းကလေးများကမူ လှူဒါန်းထားသော ယာယီတဲများအနီးတွင် စုဝေး၍စာသင်နေ ရသည်။ “ဒီအဖြစ် အပျက်တွေဟာ မိန်းကလေးတွေအပေါ် ရေရှည်သက်ရောက်မှုရှိစေတဲ့ စိတ်ဒဏ်ရာကျန်ရှိလာစေမှာ ဖြစ်ပါတယ်”ဟု ဆရာမ ဖြစ်သူ ရာဘီယာအစ်ဘယ်က ပြောကြားခဲ့သည်။ “ကျွန်မတို့အနေနဲ့ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေချင်ရင်တော့ ကျောင်းသူတွေကို ယာယီတဲတွေကနေ သင့်လျော်တဲ့စာသင်ခန်းတွေဆီကို ချက်ချင်း ပြောင်းရွှေ့ သင်ကြားပေးဖို့လိုပါတယ်”ဟု အစ်ဘယ်က ပြောကြားခဲ့သည်။