နေပြည်တော် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု သာစည်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု  သာစည်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ခေတ္တပါတီ ဥက္ကဌ ဦးလှဆွေ၊ ပြည်ထောင်နယ်မြေပါတီကော်မတီဝင်ဦးဖိုးသိန်းနှင့် မြို့နယ် ဥက္ကဌ၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီစည်းရုံးရေးတာဝန်ခံများနှင့် ပါတီသို့ အသစ်ဝင် ရောက်လာသော ပါတီဝင်အသစ် (၈၅)ဦးအား ပါတီဝင်ကဒ်များ ပေးအပ်ခြင်းအခမ်းအနားအား အင်အား (၁၅၀)ခန့်ဖြင့်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။