ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမာရွတ်ခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမာရွတ်ခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို ကမာရွတ်ခရိုင် ဗဟန်း မြို့နယ် ပါတီရုံးတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် လူငယ်များ၏ အမြင်သဘောထားများ၊ ပါတီအတွက် အကြံပေးခြင်းများ၊ အခြားသော လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ညနေ (၃) နာရီအချိန်တွင် လူငယ်စကားဝိုင်း ပြီးဆုံး ခဲ့ကြောင်း သိရသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး တိုင်းကော်မတီဝင် ဦးနေဝင်း၊ ကမာရွတ်ခရိုင်ဥက္ကဌ ဒေါ်သီသီမွန်နှင့် ခရိုင်ကော်မတီဝင်များ ၊ရန်ကုန်တိုင်း လူငယ် တာဝန်ခံ ဦးအောင််ပြည့်ဖြိုး၊ ကမာရွတ်ခရိုင်လူငယ်တာဝန်ခံ ဦးဝေယံကျော်စွာဟိန်း တို့တက်ရောက်ပြီး ကမာရွတ်မှ လူငယ်များ နှင့်ဗဟန်မြို့နယ်မှလူငယ်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။