ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ပါက ရုရှားရဲ့အမှားမျိုးဖြစ်လာမယ်လို့ တရုတ်ကို အမေရိကန်သတိပေး

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားရဲ့အမှားမျိုးကြုံတွေ့ရမယ်လို့ အမေရိကန်စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် မာ့ခ်မီလီ က သတိပေး ပြောကြားလိုက်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်ဟာ ကွန်မြူနစ်ပါတီအစည်းအဝေးမှာ ရာထူးသက်တမ်းသုံးကြိမ်ဆက် ထမ်းဆောင်ခွင့်ရခဲ့ပြီး ထိုင်ဝမ်ကျွန်းကို ပြန်လည်ပေါင်းစည်းရေးဟာ သူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  ဒါပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် မာ့ခ်မီလီ က “တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်ကိုကျူးကျော်ခဲ့ရင် ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားရဲ့ မဟာအမှားကြီးလို ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ ဥာဏ်နည်းလွန်းရာလည်း ရောက်ပါတယ်” လို့ ပြောကြားခဲ့တာပါ။ -Ref:VOA