ဂျပန်က ခရီးသွားကဏ္ဍကို ပြန်ဖွင့်ပြီးနောက် နိုင်ငံခြား ခရီးသွားများနှင့် ပြန်လည် စည်ကားလာ

ဂျပန်နိုင်ငံတွင် ခရီးသွားကဏ္ဍကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးလိုက်သည့် ပထမဆုံးလဖြစ်သည့် အောက်တိုဘာလ၌ပင် နိုင်ငံခြားဧည့်သည်  ၅ သိန်းနီးပါး လာရောက်လည်ပတ်ခဲ့ကြသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့အတင်းကျပ်ဆုံး နယ်စပ်ထိန်းချုပ်ရေး စီမံချက်အချို့ကို အောက်တိုဘာ ၁၁ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပြီး ၀န်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ကျဆင်းလာသော စီးပွားရေးကို ပြန်လည်အား‌ကောင်း လာ‌စေရန်အတွက် ခရီးသွားလုပ်ငန်းကိုသာ အားကိုးလျက်ရှိသည်။

စီးပွားရေးနှင့် အပျော်ခရီးအတွက် လာရောက်ကြသော နိုင်ငံခြားဧည့်သည် မှာ အောက်တိုဘာလတွင် လေးသိန်း ကိုးထောင်ကျော်အထိ တိုးလာပြီး စက်တင်ဘာလထက် နှစ်ဆကျော် ပိုများလာကာ ပြီးခဲ့သည့်နှစ်ကထက် ၂၁၅၅ ရာခိုင်နှုန်း တိုးလာကြောင်း ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။

သို့ရာတွင် တရုတ်ခရီးသွားများ ပြန်မလာမချင်း ခရီးသွားလုပ်ငန်း၌ အမြတ်ကြီးကြီးမားမား ရရန် ခက်ခဲဖွယ်ရှိနေသည်။ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကြသော ခရီးသည်အားလုံး၏ သုံးပုံတစ်ပုံမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်လူမျိုး ၉ ဒသမ ၅ သန်းအထိ စံချိန်တင် လာရောက်ခဲ့ဖူးသည်။ Source: CNN