မြန်မာအလုပ်သမားများအားခေါ်ယူမည့် ဂျပန်နိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင် ရရှိထား

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန် မာနိုင်ငံသားများအားခေါ်ယူမည့် အလုပ်ကမ်း လှမ်းစာ ၂၂၄ စောင် ရရှိထားသည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ နိုဝင်ဘာ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စီစစ်ပြီးနောက် ယင်းအလုပ်ကမ်း လှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ်သည်။

ယင်း အလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာခြင်း ဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီစီစစ်ဆောင်ရွက်ပေးခဲ့သည်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ၊ စာရွက်စာတမ်းအထောက်အထားများအား စီစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။