တွံတေးခရိုင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)အချိန်က ဒလမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းက ပါတီဝင်အင်အားစီစစ်၍ မြေပုံ​ရေးဆွဲနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥက္ကဌမှ စည်းရုံးဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ် ပါတီတာဝန်ရှိသူများက ပြန်လှန်ဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေ့လည် (၁၂)နာရီတွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ  တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်း ခရိုင်ကော်မတီဝင် ဦးသိန်းထွန်း ဒလမြို့နယ် ဥက္ကဌ ဦးဉာဏ်အောင် အတွင်းရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။