အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားထံ ကမ္ဘောဒီယား လွှဲပြောင်း

အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပြီး ထိပ်သီးအစည်းအဝေး ဟာ နိုဝင်ဘာ ၁၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူလည်း တက်ရောက်တဲ့ အခမ်းအနားမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကို အာဆီယံ ဥက္ကဋ္ဌ တာဝန် ပေးအပ်တဲ့ အနေနဲ့ မောင်းထုတဲ့ တူတလက် လွှဲပြောင်ပေးအပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (APEC) ဆီ အာရုံမပြောင်းမီ လာမယ့် သီတင်းပတ်မှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G-20 ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးနဲ့အတူ အရှေ့တောင်အာရှ တဝှမ်း အဆင့်မြင့်ထိပ်သီးအစည်းအဝေးအများအပြားကို လာမယ့် ခုနှစ်ရက်အတွင်း အပြီး ကျင်းပမှာလည်း ဖြစ်ပါတယ်။