မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပေါင် ၈၂၀၀၀ ဒဏ်ရိုက်

ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲမှာ ကစားသမားတွေကို ထိန်းချုပ်နိုင်မှုမရှိခဲ့တဲ့ မန်ယူအသင်းကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) စတာလင်ပေါင် ၈၂၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့လို့ မန်ယူအသင်းသားတွေက ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်ကို ဝိုင်းဝန်ဖိအားပေးခဲ့ကြတာပါ။

ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့ပွဲမှာလည်း တွန်မီနေးက ဘရိုဂျာကို ဆွဲလှဲခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့အပေါ် ဒိုင်လူကြီး အက်သ်ဝဲလ်ကို ဝိုင်းဝန်စောဒက တက်ခဲ့ကြတာပါ။

အဲဒီပွဲစဉ် နှစ်ပွဲမှာ မန်ယူကစားသမားတွေရဲ့ ဖိအားပေးမှုအပေါ်  အက်ဖ်အေက စုံစမ်းစစ်ဆေးခဲ့ပြီး  နယူးကာဆယ်ပွဲက ဖြစ်ရပ်အတွက် ပေါင် ၄၅၀၀၀ ၊ ချဲလ်ဆီးနဲ့ပွဲကဖြစ်ရပ်အတွက် ပေါင် ၃၇၀၀၀  ဒဏ်ရိုက်ခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ ကစားသမားတွေရဲ့ ဖိအားပေးမှုဟာ လွန်ကဲတဲ့အခြေအနေ မဟုတ်ကြောင်း၊ တချို့ဖြစ်ရပ်တွေမှာ အလှမ်းဝေးနေလို့ တိတိကျကျ မမြင်နိုင်ခဲ့ကြောင်းပြောသွားပါတယ်။