ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပညာသင်စရိတ်နှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်း

ပဲခူး နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ပညာသင်ကြားနေသော ကျောင်းနေအရွယ်လူငယ်များအား လိုအပ်သည့် ပညာသင်စရိတ် သင်ထောက်ကူပစ္စည်းများအား ပညာသင်နှစ်အစမှစ၍ ကူညီထောက်ပံ့လျှက်ရှိသည်။

ထိုသို့ကူညီထောက်ပံ့လျှက်ရှိရာနိုဝင်ဘာလ ၉ ရက်နံနက်ပိုင်းကလဲ အထက်တန်းအဆင့်ပညာသင်ယူနေသော ကျောင်းသူတစ်ဦးမှ သင်ထောက်ကူပစ္စည်းလိုအပ်နေသည်ကို ကြားသိရသဖြင့် တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခမ်းမတွင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းကော်မတီဝင်များမှ ပညာသင်ကြားနေသော ကျောင်းသူ လိုအပ်လျှက်ရှိသော scientific calculater တစ်လုံး နှင့် လိုအပ်လျှက်ရှိသော ပစ္စည်းများအား ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။