သံတွဲပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၅) ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်က ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်မှ မြို့နယ်အဆင့်ဆင့် ညီလာခံများ ကျင်းပပြုလုပ်ရေးကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများမှ ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Leave a Reply