တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်အတွင်းရှိ ရွှေပြည်သာမြို့နယ်တွင် လူငယ်နှင့် အမျိုးသမီးရေးရာကဏ္ဍရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပါတီစည်းရုံးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေနေ့လည်(၁၃:၀၀)နာရီ အချိန်မှစတင်ကာ ရွှေပြည်သာမြို့နယ် ပါတီရုံးအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင်ပါတီဗဟိုကော်မတီဝင်၊ တိုင်းကော်မတီဝင်၊ ခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီဘဏ္ဏာရေးမှုး ဦးထွန်းထွန်းဦး၊ ခရိုင်ကော်မတီဝင် ဦးမြင့်ကျော်၊ မြို့နယ်အတွင်းရေးမှုး ဒေါ်မာမာမင်းနှင့် မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီးထမဦးစွာ ဗဟိုနှင့်တိုင်းကော်မတီဝင် ၊ ခရိုင်တာဝန်ခံဦးတင်မောင်ဝင်းက ဆက်လက် ဆောင်ရွက်ရမည့်လူငယ်နှင့်အမျိုးသမီးရေးရာကဏ္ဍလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ဆွေးနွေးပြောကြားခဲ့ပြီးနောက် ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင် မှ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များအား ဆွေးနွေး မှာကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသည့်မြို့နယ် အတွင်းရေးမှုးမြို့နယ်ကော်မတီဝင်များနှင့် မြို့နယ်လူငယ်နှင့် အမျိုးသမီးတာဝန်ခံများက ရပ်ကွက်အလိုက်ဆောင်ရွက်မည့်ရေးရာကဏ္ဍအလိုက် ရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် တင်ပြခဲ့ပြီး ညနေ(၁၅:၄၅)နာရီအချိန်တွင်အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

မင်္ဂလာဒုံ ခရိုင် USDP

 မီဒီယာ