အင်းစိန်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

အင်းစိန်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီရုံးဝင်းအတွင်း၌ နိုဝင်ဘာလ (၃) ရက်နံနက်(၉:၀၀)နာရီ အချိန်တွင် လူငယ်စကားဝိုင်းကို  ပါတီ၏ရှေ့လုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပကာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအရံကော်မတီဝင် အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်း၊ အင်းစိန်ခရိုင်အတွင်းရေးမှူး ဦးသူရိန်လင်း၊ အင်းစိန်ခရိုင်ဘဏ္ဌာရေးမှူး ဦးကြည်စိုး နှင့်ခရိုင်အတွင်းရှိလူငယ် များတက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့်လူငယ်များအား ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၌ လူငယ်များ၏ အခန်းကဏ္ဍ အရေးပါပုံများအား ရှင်းလင်းပြောကြားခဲ့ပြီးတက်ရာက်လာသော လူငယ်များနှင့် ရင်းရင်းနှီးနှီး အပြန်အလှန်ဆွေးနွေးကာ လူငယ်စကားဝိုင်းအား နံနက်(၁၀:၃၀)အချိန်တွင် ရပ်နားခဲ့ပါသည်။