ျပည္ခိုင္ၿဖိဳးပါတီ ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာၿမိဳ႕နယ္ လစဥ္ပုံမွန္အစည္းအေဝးျပဳလုပ္

ေတာင္ဥကၠလာပ ၾသဂုတ္ ၈
ျပည္ခိုင္ၿဖိဳးပါတီ ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳနယ္ လစဥ္ပုံမွန္ အစည္းအေဝးအား ယေန႔ေန႔လည္ (၃)နာရီအခ်ိန္က ေတာင္ဥကၠလာပၿမိဳနယ္ ပါတီ႐ုံး၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေရွ႕ဦးစြာ ေတာင္ဥကၠလာပၿမိဳ႕နယ္ဥကၠဌ ဦးေက်ာ္သီဟမွ ရက္ (၉၀) စီမံခ်က္အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရး၊ ပါတီဝင္အင္အားမွန္ကန္ ေသျခာမႈရွိေစေရးေဆာင္ရြက္ၾကရန္၊ ျပည့္မဏၰိဳင္စီမံခ်က္မ်ား ေဆာင္ရြက္နိုင္ေရး၊ ပါတီဝင္အင္အား Application ထည့္သြင္းျပဳစုျခင္းႏွင့္ ပါတီ၏ လုပ္ငန္းေဆာင္တာမ်ားအား စဥ္ဆက္မျပတ္အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားၾကရန္ လမ္းညႊန္ အမွာစကားေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ တက္ေရာက္လာၾကေသာၿမိဳနယ္ေကာ္မတီဝင္မ်ားမွ ေဆာင္ရြက္ထားရွိ ၿပီးစီးမႈအေျခအေနမ်ားအား ေဆြးေႏြးတင္ျပခဲ့ၾကၿပီး ဥကၠဌမွ နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာအစည္းအေဝးအား ညေန(၄)နာရီအခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ေၾကာင္းသိရသည္။
USDP-YGN

========================================

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ် လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

တောင်ဥက္ကလာပ သြဂုတ် ၈

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြိုနယ် လစဉ်ပုံမှန် အစည်းအဝေးအား ယနေ့နေ့လည် (၃)နာရီအချိန်က တောင်ဥက္ကလာပမြိုနယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေ့ဦးစွာ တောင်ဥက္ကလာပမြို့နယ်ဥက္ကဌ ဦးကျော်သီဟမှ ရက် (၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပါတီဝင်အင်အားမှန်ကန် သေခြာမှုရှိစေရေးဆောင်ရွက်ကြရန်၊ ပြည့်မဏ္ဏိုင်စီမံချက်များ ဆောင်ရွက်နိုင်ရေး၊ ပါတီဝင်အင်အား Application ထည့်သွင်းပြုစုခြင်းနှင့် ပါတီ၏ လုပ်ငန်းဆောင်တာများအား စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသောမြိုနယ်ကော်မတီဝင်များမှ ဆောင်ရွက်ထားရှိ ပြီးစီးမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးအား ညနေ(၄)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရသည်။

USDP-YGN