သံတွဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံအစည်းအဝေးကို သံတွဲမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၈) ရက် နံနက် (၉း၄၀) အချိန်တွင်ကျင်းပခဲ့ရာ သဘာပတိအဖြစ် ဗဟိုကော်မတီဝင် ရခိုင်ပြည်နယ်ပါတီ နာယက ဦးထိန်လင်း၊ ဗဟိုကော် မတီဝင် ဦးရဲထွန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးတင်မောင်သန်း၊ ဦးထွန်းဝေတို့မှဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သဘာပတိကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပါတီ လုပ်ငန်း ဆောင်ရွက်မှု အစီရင် ခံစာအားတင်ပြခြင်း၊ အစုအဖွဲစာတမ်းဖတ်ကြားခြင်းနှင့် ခရိုင်ကော်မတီဝင်ဟောင်းများမှ နှုတ်ထွက် ခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနား ကို ခေတ္တရပ်နားခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို ပြန်လည်ကျင်းပရာ ဗဟိုကော်မတီဝင် ဦးသန်းဝေမှ ရွေးချယ်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပါတီကော်မတီဟောင်းများ/ သစ်များမှ အဆိုတင်သွင်းခဲ့ပြီး ပြန်လည်ရွေးချယ်ပေးခဲ့ကြရာ သံတွဲခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဦးဖိုးရီအောင်၊ အတွင်းရေးမှူးအဖြစ် ဒေါ်ဝင်းမင်းမာထွန်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဝင်းသိန်း ခရိုင်ပါတီ ကော်မတီဝင် (၉) ဦးနှင့် အရံပါတီကော်မတီဝင် (၉) ဦးတို့အား ရွေးချယ်တင်မြှောက်ပေးခဲ့ကြပြီး ခရိုင်ကော်မတီဝင်များမှ ကတိသစ္စာပြုခဲ့ကြကာ သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့၍ အခမ်းအနားကို ကြွေးကြော်သံများဖြင့် နေ့လည် ၁၂ နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

သန်းမောင်


Leave a Reply