ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားနှင့် တတိယအကြိမ် ဗဟိုညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

သန်လျင် နိုဝင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သန်လျင်ခရိုင်ပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သန်လျင်ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအားနိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ခရိုင်ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ကြသည်။

အစီအစဉ်အရ တတိယအကြိမ်ဗဟိုညီလာခံအတွေ့အကြုံရှင်းလင်းပွဲအား သန်လျင်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပခဲ့ကြရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်ကျော်မင်းမှ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး တိုင်းဘဏ္ဍာရေးမှူးဒေါ်အေးမင်းမိုးမှ အမှာစကားဆက်လက်ပြောကြားခဲ့သည်

ထို့နောက် သန်လျင်ခရိုင်ဥက္ကဌဦးနိုင်ဝင်းမှ တတိယအကြိမ်ဗဟိုညီလာခံအတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးအား နံနက်၁၀နါရီ၃၀မိနစ်အချိန်၌ ပြီးဆုံးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူးဦးအောင်ကျော်မင်း တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး သန်လျင်ခရိုင်ဥက္ကဌဦးနိုင်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်းနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဌများနှင့် ပါတီကော်မတီဝင် စုစုပေါင်း၃၅ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။