မျောက်ကျောက်ရောဂါဟာ လက္ခဏာမပြခင်ကတည်းက ကူးစက်ပြီဖြစ်ကြောင်း ပညာရှင်များ သတိပေး

ကမ္ဘာ့နိုင်ငံတချို့မှာ စတင်ပျံ့နှံ့လာနေတဲ့မျောက်ကျောက်ရောဂါဟာ ရောဂါလက္ခဏာတွေ မပြခင်ကတည်းက ကြိုတင်ကူးစက်နိုင်စွမ်းရှိတဲရောဂါမျိုးဖြစ်ကြောင်း ဗြိတိန်ပညာရှင်တွေက ယမန်နေ့မှာ ထုတ်ဖော် သတိပေး လိုက်ပါတယ်။ အစောပိုင်းယူဆချက်တွေမှာတော့ မျောက်ကျောက်ရောဂါကို ကူးစက်ခံရပြီး ရောဂါလက္ခဏာပြနေ သူတွေဆီကသာ ဗိုင်းရပ်စ်ပိုးထပ်မံကူးစက်နိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံးစမ်းသပ်ချက်တွေအရ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ဟာ လူတစ်ဦးကို ကူးစက်ပြီးနောက် ရောဂါလက္ခဏာမပြခင်မှာပဲ တခြားလူတွေကို လျင်မြန်စွာကူးစက်နိုင်ကြောင်း ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၇၈၀၀၀ အထိရှိလာပြီး သေဆုံးသူ ၃၆ ဦး ရှိထားပါတယ်။

-Ref:Asia One