ရေပေါ်ညဈေးကို နိုဝင်ဘာ ၄ ရက်စဖွင့်မည်

ရန်ကုန်မြို့ရဲ့ ပထမဆုံး ရေပေါ်ညဈေးကို လာမယ့်နိုဝင်ဘာ ၄ ရက်ကနေစတင်ပြီး ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားအနီးရှိ ဆိပ်ခံတံတားအမှတ် ၅ မှာ ဖွင့်လှစ်တော့မယ်လို့သိရပါတယ်။ အဲဒီရေပေါ်ညဈေးကို နိုဝင်ဘာ ၄ ရက်ကနေစတင်ပြီး ၁၃ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ရိုးရာအစားအစာတွေကို ဖော်ထုတ်ဖို့နဲ့ ရန်ကုန်မြစ်ရဲ့အလှအပတွေကို အများပြည်သူတ ွေလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး ရေပေါ်ညဈေးကို ပထမဆုံးအနေနဲ့ ဖွင့်လှစ်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ ဒါ့အပြင်လှေဈေးလေးတွေကိုလည်း ဖွင့်လှစ်ရောင်းချမယ့်ရက်တွေအတွင်း ထည့်သွင်းသွားမှာဖြစ်သလို အင်းလေး ကလို လှေဈေးတွေနဲ့အတူ ရိုးရာလှေတွေလည်း ပြသသွားမယ်လို့သိရပါတယ်။

အဲဒီရေပေါ်ညဈေးမှာ ရိုးရာအစား အစာတွေနဲ့ နိုင်ငံတကာ အစားအစာတွေကို ဦးစား ပေးရောင်းချမှာဖြစ်ပြီး လာရောက်ရောင်းချသူတွေကိုလည်း တိုင်းရင်းသားရိုးရာဝတ်စုံဝတ်ဆင်ပြီးမှသာ ရောင်းချခွင့်ပြုမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင်ရေပေါ်ညဈေးနဲ့အတူ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း မွန်းလွဲ ၃ နာရီကနေ ည ၉ နာရီ လောက် အထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ရေပေါ်ညဈေးကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ရောင်းချလျက်ရှိတယ်လို့ လည်းသိရပါတယ်။ onenews