အောင်လံခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဆိုင်းဘုတ်တင်ပွဲနှင့် တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်

မန္တလေး၊ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင် ဆိုင်းဘုတ်တင်ပွဲနှင့် တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို (22.10.2022)နေ့ (မနက်၁၀:၀၀)နာရီ အချိန်က အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးအတွင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်အဆင့် မြို့နယ်အဆင့် မြို့နယ်ပါတီကော်မတီဝင်များ မြို့ပေါ်ရပ်ကွက်နှင့် အချို့သောကျေးရွာများမှ ပါတီကော်မတီနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးစန်းလွင်မှ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံများအား ရှင်းလင်းခြင်း တိုင်းပါတီကော်မတီဝင် ဒေါ်သဇင်အောင်မှ တက်ရောက်အားပေးစကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသက်ချိုမှ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံများကို ဖြည့်စွက်ရှင်းလင်းခြင်းနှင့် ပါတီနှင့်ပတ်သက်သော လုပ်ငန်းများ ပြီးစီးနိုင်ရေး စည်းလုံးတက်ကြွစွာ လုပ်ဆောင်သွားရန် မှာကြားခဲ့ပါသည်

 အခမ်းအနားကို နေ့လည် (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး  လူဦးရေ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဆိုင်းဘုတ်တင်ပွဲနှင့် တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို (22.10.2022)နေ့ (မနက်၁၀:၀၀)နာရီ အချိန်က အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးအတွင်း ကျင်းပခဲ့ပါသည်။

 အခမ်းအနားသို့ ခရိုင်အဆင့် မြို့နယ်အဆင့် မြို့နယ်ပါတီကော်မတီဝင်များ မြို့ပေါ်ရပ်ကွက်နှင့် အချို့သော ကျေးရွာများမှ ပါတီကော်မတီနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပါသည်

အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးစန်းလွင်မှ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံများအား ရှင်းလင်းခြင်း တိုင်းပါတီကော်မတီဝင် ဒေါ်သဇင်အောင်မှ တက်ရောက်အားပေးစကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသက်ချိုမှ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံများကို ဖြည့်စွက်ရှင်းလင်းခြင်းနှင့် ပါတီနှင့်ပတ်သက်သော လုပ်ငန်းများ ပြီးစီးနိုင်ရေး စည်းလုံးတက်ကြွစွာ လုပ်ဆောင်သွားရန် မှာကြားခဲ့ပါသည်။

အခမ်းအနားကို နေ့လည် (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး  လူဦးးရေ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။