တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအား မှော်ဘီခရိုင် တွင် ကျင်းပ

အောက်တိုဘာ ၂၄၊ ရန်ကုန်

 တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲအား ယနေ့နံနက် (၉)နာရီတွင် ကျင်းပရာ ဗဟိုအရန် ကော်မတီဝင် ဦးမင်းသူထွန်း၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်၊ မှော်ဘီခရိုင်ဥက္ကဌ ဦးအေးလွင်၊ အင်းစိန်မြို့နယ် ဥက္ကဌ ဦးသူရိန်လင်းတို့ တက်ရောက်ကြပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ကာ ကျဆုံးသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ပါတီဝင်မိသားစုများ၊တပ်မတော်သားများ ပြည်သူ့ဝန်ထမ်းများ ၊ရဟန်းရှင် လူပြည်သူများအား ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် (၁)မိနစ်ငြိမ်သက်ကြ ပါသည်။ ထို့နောက် မှော်ဘီခရိုင်ဥက္ကဌ ဦးအေးလွင်မှ မှော်ဘီခရိုင်နှင့် ပတ်သက်သည့် အကြောင်းအရာများအား တင်ပြဆွေးနွေးပါသည်။

ဆက်လက်ပြီး ဗဟိုအရန်ကော်မတီဝင် ဦးမင်းသူထွန်းမှ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံ ရှင်းလင်းခြင်း ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပါတီဗဟို ဥက္ကဌကြီး ဦးခင်ရီ၏ လမ်းညွှန်ချက်ဖြစ်သော ရွေးကောက်ပွဲအောင်နိုင်ရေး MAPPING ရေးဆွဲရန် ရှင်းလင်းခြင်းနှင့် PR စနစ်အား ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ပါတီဝင် (၁၂၆)ဦးအား ဗဟိုအရန်ကော်မတီဝင် ဦးမင်းသူထွန်းနှင့် မှော်ဘီခရိုင်ဥက္ကဌမှ ဦးအေးလွင်တို့မှ  ထောက်ပံ့ကြေးငွေများပေးအပ်၍ အခမ်းအနားကို  နံနက်(၁၀)နာရီ (၃၀)မိနစ်အချိန်တွင် ကြွေးကြော်သံများ ကြွေးကြော်ပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။