ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရိုင် အဆင့် ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို သန်လျင်မြို့နယ် မြို့နယ်ပါတီရုံး၌ ယမန်နေ့  နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွေးချယ်ဖွဲ့စည်းရေးသဘာပတိအဖြစ် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင် ပါတီဥက္ကဋ္ဌ ဦးလွင်ဦးက ရွေးချယ်ဖွဲ့စည်းရေးဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်ဥက္ကဋ္ဌ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ် များက လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ရွေး ချယ်ပေးခဲ့ကြပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့်   အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းမြင့်ဦး(ဆိပ်ကြီး)