ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များတွေ့ဆုံ

 

မန္တလေး၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များနှင့် တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၀၉:၃၀ အချိန်မှ နေ့လည် ၁၂:၀၀ အချိန်ထိတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် “ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ အကြံပြုသုံးသပ်ချက်များ၊ ပါတီတွင်းစည်းလုံးညီညွတ်ရေး ကိစ္စများ၊ အသွင်သစ်စည်းရုံးရေးဖြင့် ပြည်သူများနှင့်တစ်သားတည်းဖြစ်စေရေးဆိုင်ရာ အချက်များ၊ ပါတီမှ ချမှတ်ထားသော  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ပထမ ၃ လပတ်ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ” အား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တိုင်းဒေသကြီးအတွင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။