ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် အမိန့်၊ ညွန်ကြားချက်များကို ဘဏ်များ လိုက်နာရန် တွန်းအားပေးနေသည်ဟု မြန်မာနိုင်ငံဘဏ်များအသင်း ထုတ်ပြန်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် အမိန့်၊ ညွန်ကြား ချက်များကို ဘဏ်များ လိုက်နာရန် တွန်းအားပေးနေသည်ဟု မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း အထူးအလေးပေး ဆောင်ရွက်နေကြောင်း၊  AML/CFT ဆိုင်ရာ သတင်းပို့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့်ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU) မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာလိုက်နာကြရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံဘဏ်များ အသင်းက ထုတ်ပြန်သည်။

 မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖော်မှုတွင် ရာနှုန်းပြည့်အောင်မြင်မှုရှိစေရန်အတွက် AML/CFT ဆိုင်ရာ သင်တန်း ပေးပို့မှု ချောမွေ့စေရန်၊ သတင်းအရင်းအမြစ်များအား စိစစ်ရာတွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ အပါအဝင် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ဆိုင်ရာသတင်းအချက်အလက်များ (KYC/CDD) ရယူရာတွင် တိကျမှန်ကန်မှုရှိစေရန်၊ ရရှိသော သတင်း အချက်အလက်များအား အတည်ပြုခြင်း/ အချက်အလက်များ ထိန်းသိမ်းထားမှုများ ပြည့်စုံမှန်ကန်ရေး စသည့်နယ်ပယ်များတွင် ထိရောက်စွာ ဆောင်ရွက်နေသည်ဟု ဘဏ်များအသင်းက ထုတ်ပြန်သည်။

ထို့ပြင် အသင်းဝင်ဘဏ်များ၌ AML/CFT ဆိုင်ရာမူဝါဒများ (policy)၊ လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များ procedures များ ရေးဆွဲထားရှိ အကောင်အထည်ဖော်နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်နေ သည်ဟု မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်သည်။

အလားတူ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သံသယဖြစ်ဖွယ်ဆောင်ရွက်သူများ၏ ငွေစာ ရင်းများအား ငွေသွင်းငွေထုတ် တားမြစ်ခြင်း၊ အပြီးတိုင်ပိတ်သိမ်းခြင်းများကို ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံဘဏ်များ အသင်းက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဘဏ်များအသင်းနှင့် အသင်းဝင် ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှ တဆင့် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်း ရေး အဖွဲ့မှ တောင်းခံလာသည့် ငွေကြေးခဝါချမှု၊အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ဘဏ်နှင့် ဆက် သွယ်ဆောင်ရွက်သူများနှင့်ပတ်သက်သော သတင်းအချက်အ လက်များအား အချိန်နှင့် တစ်ပြေးညီ တင်ပြပေးပို့လျက်ရှိသည်ဟု ဆိုသည်။

elevennews