ရုရှားကို လက်နက်ထောက်ပံ့ဖြည့်တင်းပေးခြင်းမရှိကြောင်း မြောက်ကိုရီးယား ငြင်းဆန်

ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားစစ်တပ်အပေါ် လက်နက်ထောက်ပံ့ဖြည့်တင်းပေးခြင်းမရှိကြောင်း မြောက်ကိုရီးယားအစိုးရက နိုင်ငံပိုင် KCNA မီဒီယာကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်နဲ့စစ်သုံးပစ္စည်းတွေထောက်ပံ့ပေးနေတယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက” မြောက်ကိုရီးယားအနေနဲ့ ရုရှားကို လက်နက်ထောက်ပံ့နေတာမျိုးမရှိသလို နောင်လည်း ထောက်ပံ့ဖို့အစီအစဉ်မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်ဘက်တာဝန်ရှိသူတွေကတော့ ရုရှားဟာ မြောက်ကိုရီးယား ထံက စစ်သုံးအမြောက်နဲ့ အမြောက်ဆန်တွေ ဝယ်ယူခဲ့တယ်လို့ ယခုလအစောပိုင်းက စွပ်စွဲခဲ့ဖူးပါတယ်။

-Ref: TRT world