သေဒဏ်ပယ်ဖျက်ဖို့ မလေးရှားအစိုးရ စီစဥ်

မလေးရှားအစိုးရက သေဒဏ်ကို ဖျက်သိမ်းဖို့ စီစဉ်နေပါတယ်။ မူးယစ် မှောင်ခိုမှုကနေ လူသတ်မှုထိ ပြစ်မှုတွေကို ဘယ်လိုအပြစ်ပေးမလဲ တရားသူကြီးတွေအတွက် ဆုံးဖြတ်နိုင်ခွင့်ကို ဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
လက်နက်မှောင်ခိုမှုနဲ့ ပြန်ပေးဆွဲမှု လို ပြစ်မှုတွေမှာ ကြိုးပေးကွပ်မျက်တာကို ဒီဥပဒေနဲ့ ပယ်ဖျက်သွားမယ် ဆိုပြီး မလေးရှား ဥပဒေ ရေးရာ ဝန်ကြီး အဇာလီနာ သြသ်မန်း ဆိုက်က ပြောပါတယ်။ အဲဒီအစား ရာဇဝတ်ကောင်တွေကို ထောင် နှစ် ၄၀ ချတာနဲ့ ကြိမ်ဒဏ်ပေးတာတွေ လုပ်နိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ မလေးရှား မင်းမျိုးတွေကို ထိခိုက် အကြမ်းဖက်မှုလို ပြစ်မှုတွေမှာတော့ သေဒဏ် ပေးဖို့ တရားသူကြီးတွေကို ဆက်ခွင့်ပြုထားပါတယ်။