ဥပဒေချိုးဖောက်တဲ့ပရိသတ်တွေကို တစ်နှစ်ပွဲကြည့်ခွင့်ပိတ်ဖို့ ပရီးမီးယားလိဂ်အသင်းတွေ သဘောတူ

ပရီးမီးယားလိဂ်ဘောလုံးကွင်းတွေထဲမှာ လက်မခံနိုင်တဲ့အပြုအမူနဲ့ ဥပဒေချိုးဖောက်တဲ့အပြုမူတွေမှာ ပါဝင်တဲ့ ပရိသတ်တွေဟာ အနည်းဆုံးတစ်နှစ်ပွဲကြည့်ခွင့်ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပရိသတ်တွေရဲ့အပြုအမူပြဿနာတွေကို ဖြေရှင်းဖို့ကြိုးပမ်းတဲ့အနေနဲ့ ဇူလိုင်လမှာ အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့အစည်းနဲ့အတူ အလိုအလျောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်မူတွေ စတင်ဖို့ သဘောတူခဲ့ကြပါတယ်။ အခုအခါမှာတော့ ပရီးမီးယားလိဂ်ရှယ်ယာရှင်တွေရဲ့အစည်းအဝေးမှာ အနည်းဆုံး တစ်နှစ်ပွဲကြည့်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပွဲကြည့်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ဟာ ချက်ခြင်းသက်ရောက်မှာဖြစ်ပြီး အိမ်ကွင်းရော အဝေးကွင်းပွဲတွေမှာပါ အကျုံးဝင်မှာဖြစ်ပါတယ်။ မီရှူးမီးပန်းနဲ့ မီခိုးဗုံးတွေယူဆောင်လာတဲ့ ဒါမှမဟုတ် ပစ်ဖောက်တဲ့ပရိသတ်တွေနဲ့ ကွင်းထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်တဲ့ပရိသတ်တွေကို အရေးယူသွားမှာဖြစ်ပါတယ်။