တရုတ်နိုင်ငံတွင်အင်အားပြင်းတိုင်ဖွန်းဝင်မည်ဟု ခန့်မှန်းထားသောကြောင့်အနီရောင်သတိပေးချက်ထုတ်ပြန်ထား

တရုတ်နိုင်ငံ အမျိုးသား စူးစမ်းလေ့လာရေးဌာနကမုန်တိုင်း အနီရောင်သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ တိုင်ဖွန်း Muifa သည် ထိုနေ့၌ ကုန်းတွင်းပိုင်းသို့ နှစ်ကြိမ်ဝင်ရောက်မည်ဟု ခန့်မှန်းထားသောကြောင့်  သတိပေးချက်အဆင့်ပြင်းထန်ရခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက် တိုင်ဖွန်း Muifa သည် Zhejiang ပြည်နယ်ရှိ Xiangshan တောင်၏ အရှေ့တောင်ဘက် ၁၈၅ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် တွေ့ရှိခဲ့သည်။ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ကီလိုမီတာ ၂၀ မှ ၂၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားမိုးလေဝသဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှန်ဟိုင်း၊ Jiangsu၊ Zhejiang နဲ့ Shandong တို့တွင် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှစ၍ ကြာသပတေးနေ့မွန်းလွဲပိုင်းအထိ မိုးရွာသွန်းနိုင်​ကြောင်းခန့်မှန်းထားသည်။

တိုင်ဖွန်းမုန်တိုင်းအတွက် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများ၊ဖြစ်ပေါ်လာနိုင်သော ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်မှု ပြုလုပ်​နေပြီးသင်္ဘောများနှင့် လှေများကို ဆိပ်ကမ်းများတွင် ကပ်ခိုင်းထားသည်။

တရုတ်နိုင်ငံတွင် ပြင်းထန်သောရာသီဥတုအတွက် အဆင့်လေးဆင့်ကိုအရောင်သုံးစနစ်ဖြင့်​ဖော်ပြပြီး အနီရောင်သည် အပြင်းထန်ဆုံးဖြစ်ကာသူ့ နောက်တွင် လိမ္မော်၊ အဝါနှင့် အပြာတို့ဖြစ်သည်။