ဂျူဗင်တပ်နှင့် ပြန်ကစားရန် ဆာလာနီတာနာ အသင့်ရှိ

VAR အမှားကြောင့် ဂျူဗင်တပ်အသင်း အနိုင်ဂိုးရဖို့ နစ်နာခဲ့တယ်ဆိုရင် အဲဒီပွဲစဉ်ကို ပြန်ကစားဖို့ အသင့်ရှိနေတယ်လို့ စီးရီးအေကလပ် ဆာလာနီတာနာအသင်းဥက္ကဌ ဒန်နီလို လီဗာလီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆာလာနီတာနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူးမီလစ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် နောက်ခံလူ ဘိုနူချီ လူကျွံနေလို့ ကွင်းလယ်ဒိုင်က VAR ဆုံးဖြတ်ချက်နဲ့ ဂိုးမပေးခဲ့ပါဘူး။

အဲဒီဖြစ်ရပ်အပေါ် ဂျူဗင်တပ်အသင်းက မကျေနပ်ဘဲ ဝေဖန်မှုတွေပြုလုပ်ခဲ့တာကြောင့် ဆာလာနီတာနာ အသင်းဥက္ကဌက အခုလိုတုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ VAR မှားတယ်လို့ ယူဆပြီး ပြန်ကန်ချင်တယ်ဆိုရင် မိမိတို့အသင်းဘက်က အဆင်သင့်ရှိကြောင်း ဆာလာနီတာနာအသင်း ဥက္ကဌ လီဗာလီနိုက ပြောသွားခဲ့တာပါ။ အခုချိန်ထိတော့ စီးရီးအေပြိုင်ပွဲကျင်းပရေး ကော်မတီဘက်က အဲဒီပွဲကို ပြန်ကစားခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့ သိရ ပါတယ်။

 

-Ref:Skysports