လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ချောက် စက်တင်ဘာ ၉

ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရပ်တွင် တည်ထားကိုးကွယ်တော်မူသည့် ရွှေပုံတောင် မာန်အောင်မြင်စေတီတော်မြတ်ကြီး၏  အကြိမ်(၅၁၇) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကြီးအား  ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ  ဦးသန်းလှိုင်၊ အတွင်းရေးမှူး ဦးဖေသန့်ဇော် နှင့် ကော်မတီဝင်များမှ   ဆရာတော် အရှင်သူမြတ်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။