လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော် အလံအားအလေးပြုခြင်းနှင့် နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း ကော်မတီဝင် ဦးခင်မောင်တင့်က နှုတ်ခွန်းဆက်အမှာစကား ပြော ကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်ကော်မတီဝင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်က ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်သည် များကို လမ်းညွှန်အမှာစကားပြော ကြားခဲ့သည်။

ထို့နောက် ဗဟိုအမျိုးသမီးညီ လာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တက်ရောက်လာသော အမျိုးသမီး ကိုယ်စားလှယ်များအား အလှူရှင် များက စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ပြီးဆက်လက်၍စာတမ်း များဖတ်ကြားခြင်းကိုဆောင်ရွက်ရာ အမျိုးသမီးများနှင့် မြန်မာနိုင်ငံရေး အခန်းကဏ္ဍမြှင့်တင်ရေးစာတမ်းကို အောင်မင်္ဂလာရပ်ကွက်မှဒေါ်ဟန်စု ယဉ်ကလည်းကောင်း၊ အမျိုး သမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်း သာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးစာတမ်းကို မြို့မရပ် ကွက်မှ ဒေါ်နီနီထွန်းကလည်း ကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်း ရေး၊ အမျိုးသမီးများ၏အခွင့်အ ရေးများကို ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရေးစာတမ်း ကို ရဲမွန်ကျေးရွာမှ ဒေါ်ခင်ခင်စုက လည်းကောင်း၊ အမျိုးသမီးပါ တီဝင်အသစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအားစဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ရေးစာတမ်း ကို စာဘူးတောင်းကျေးရွာမှ ဒေါ်ဝါ ဝါစိုးကလည်းကောင်း ပြုစုဆွေး နွေးခဲ့ကြသည်။

ဆက်လက်၍ ဆွေးနွေးချက်၊ တွေ့ရှိချက်များကို သဘာပတိက မှတ်တမ်းတင်ခြင်း၊ အတည်ပြု ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းများကို ဆောင်ရွက်ခဲ့ပြီး လှည်းကူးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးက အမှာ စကားပြောကြားကာ အခမ်းအနား ကို ”ပြည်ခိုင်ဖြိုးဟေ့”သီချင်း ဖြင့် သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့ သည်။

အဆိုပါအခမ်းအနားသို့ တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ရန်ကုန်မြောက် ပိုင်းခရိုင်ကော်မတီဝင်များဖြစ်ကြ သော ဦးမျိုးဇော်၊ ဦးကျော်စိုးဝင်း၊ ဒေါ်သင်းသင်းလှိုင်၊ လှည်းကူးမြို့ နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော် မတီဝင်များ၊ နာယကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော် များ၊ မြို့နယ်အမျိုးသမီးရေးရာ ကိုယ်စားလှယ် ၈ဝ စုစုပေါင်း ၁၁ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။