နမ့်စန်ခရိုင်နှင့် မိုင်းရှူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အဆင့်ပါတီကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ပြုလုပ်

စက်တင်ဘာ ၈၊ တောင်ကြီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်အတွင်းရှိ ခရိုင်ပါတီအဆင့် ကော်မတီဝင်များအား ရွေးချယ်ဖွဲ့စည်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းရှူးခရိုင်နှင့် နေ့လည်ပိုင်းတွင် နမ့်စန်ခရိုင်တို့ ဖွဲ့စည်း​ခြင်းအား Zoom Meeting ဖြင့် ပြုလုပ်ဆောင်ရွက်ပါသည်။

ရွေးချယ်ရာတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ သဘာပတိ၊ ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ခရိုင်ပါတီကော်မတီဝင်များအား ရွေးချယ်ဖွဲ့စည်းကာ အခမ်းအနားကို  ကြွေးကြော်သံများဖြင့် ရုတ်သိမ်းခဲ့ပါသည်။