တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်

စက်တင်ဘာ ၈၊ တပ်ကုန်း

ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင်များ ပုံမှန်တွေ့ဆုံဆွေးနွေးမှုကို ၈-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေဆုံပွဲ့သို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီ၏ လုပ်ငန်းစဉ်များ၊ ပါတီဝင်အင်အားတိုးတက်ရရှိရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။