


=====================

တတိယအကြိမ်မြောက် ဒဂုံမြို့သစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဦးဆောင်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့်ဆန် သွားရောက်လှူဒါန်း

ဒဂုံမြိုသစ် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၆၊ ၁၅၇ ရပ်ကွက်နှင့် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့် ဆန်တိုကို သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါသွားရောက်လှူဒါန်းရာတွင် ဒဂုံမြိုသစ်ခရိုင်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ အတွင်းရေးမှူး ဦးဝဏ္ဏမျိုး၊ ခရိုင်ကော်မတီဝင် ဦးမြင့်ခိုင်နှင့် ဦးခင်မောင်ဝင်းတိုမှ ဦးဆောင်ကာ ဒဂုံမြိုသစ်ခရိုင်အတွင်းရှိ ၃ မြိုနယ်တိုမှ ပါတီဝင်များနှင့်အတူ ရေဘေးသင့် ပြည်သူများအား ပူးပေါင်းပါဝင်ကူညီလှူဒါန်းခဲ့ကြကြောင်း သိရသည်။