ပြည်ခိုင်ဖြိုးပါတီက သုံးခွမြို့ ဆယ်ရွာကျေးရွာ မီးဘေးသင့်အိမ်ထောင်စုလေးစုအား ငွေကျပ် ၁ဝသိန်းလှူဒါန်း

 

ရန်ကုန် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီတိုင်းပါတီကော်မတီဝင် ဦးအောင်ကျော်မင်း၊ သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့်ကော်မတီဝင်များ ပါဝင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၁၁နာရီက ဆယ်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ၍ ဖေဖော်ဝါရီ ၁၈ရက်က နေအိမ် များမီးလောင်ခံရသော မီးဘေးသင့် အိမ်ထောင်စုလေးစု လူဦးရေ ၁၄ ဦးတို့အား တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှထောက်ပံ့ပေးအပ်သော ငွေကျပ်၁ဝသိန်းကို ကျေးရွာမီး ဘေးသင့်သူများကူညီကယ်ဆယ် ရေးအဖွဲ့ထံပေးအပ်လှူဒါန်းခဲ့ပြီး မီးဘေးသင့်မိသားစုများအား အား ပေးစကားပြောကြားခဲ့ကြောင်းသိရ သည်။

ပထမအကြိမ် ယခုလ ၁၉ ရက်ကလည်း ဆန်လေးအိတ်၊ ဆီ ရှစ်ပိဿာ၊ကိုရီးယားစောင်ရှစ်ထည်၊ နှစ်ယောက်အိပ် ပိုက်ဖျာလေးချပ်၊ ရေသန့်ဘူးလေးကတ်တို့ကိုထောက် ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဆန်း