ချယ်လ်ဆီး က နည်းပြ တူချယ်ကို ထုတ်ပယ်

ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ချယ်လ်ဆီး က ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ နည်းပြတူချယ်ကို ချယ်လ်ဆီးက ထုတ်ပယ်လိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်လ် က ချယ်လ်ဆီး ကို လပေါင်း ၂၀ ကိုင်တွယ်ပြီးနောက် ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။  ပိုင်ရှင်သစ် တော့ဒ်ဘိုလီ က နည်းပြသစ်တစ်ဦး မခန့်အပ်ခင်မှာ တူချယ်ရဲ့ နည်းပြ အဖွဲ့ကို အသင်းအား ကိုင်တွယ်ခိုင်းထားပါတယ်။ ချယ်ဆီးလ်အသင်းက နည်းပြသစ်တစ်ဉီး ခန့်အပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း  ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နည်းပြ တူချယ် က ချယ်လ်ဆီး ကို ချန်ပီယံလိဂ်ဖလား၊ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ တွင်ကျန်မှာဖြစ်ကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြထားပါတယ်။  -Ref:BBC