ရန်ကုန် အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ အခြေခံရုံးလုပ်ငန်း ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံရုံးလုပ်ငန်း ကွန်ပျူတာ သင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (၁၄.၈.၂၀၂၂) တနင်္ဂနွေနေ့ တွင် မင်္ဂလာတောင်ညွန့် မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း ၊ စီမံရေးရာတာဝန်ခံ ဒေါ်သင်းသင်းမိုး၊ လူငယ်နှင့်ပညာရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ်ဇာခြည်လင်း၊ ခရိုင် ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ် (၁၄) ခုမှ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ သင်တန်း နည်းပြများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ  ရန်ကုန်တိုင်းဒေသကြီးပါတီအမျိုးသမီးရေးရာတာ၀န်ခံ ဒေါ်စန်းစန်း၀င်း ၊ လူငယ်နှင့်ပညာရေးရာတာ၀န်ခံ ဒေါ်အေးအေးမြင့် တို့က အမှာစကားပြောကြားပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဉာဏ်၀င်းထိုက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသားများအတွက် အလှူငွေနှင့်အထောက်အကူ ပြုပစွည်းများကို ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီ၀င် ရန်ကုန်တိုင်းဒေသကြီးပါတီ စီမံရေးရာတာ၀န်ခံ ဒေါ်သင်းသင်းမိုး နှင့် ခရိုင်ဥက္ကဋ္ဌ ဦးဉာဏ်၀င်းထိုက်တို့က လက်ခံ၍ ဖွင့်ပွဲ အခမ်းအနားပြီးဆုံးခဲ့ပါသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အသီးသီး မှ သင်တန်းသား/သင်တန်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။