ရေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင်​ ရေးမြို့နယ်​ ပါတီရုံးအစည်းဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးကျော်သူရနှင့် မြို့နယ်ကော်မတီဝင်များ တက်​​ရောက်ကြသည်​။

အစည်း​ဝေးတွင်​ မြို့နယ် ပါတီဥက္ကဌမှ ပါတီဝင်​စိစစ်ရေးလုပ်​ငန်းများ အချိန်​မီ ပြီးစီးရန်​နှင့်​ ပါတီဝင်​များ စွမ်းရည်​မြှင့်​သင်​တန်း ဖွင့်​လှစ်​နိုင်ရေး အတွက်​ အပြန်​အလှန်​​ဆွေး​နွေးခဲ့ကြကြောင်း သိရှိရပါသည်​။

#Ayemintun