ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် သြဂုတ် ၁၄ ရက် ည ၁၁ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

မီးလောင်ကျွမ်းမူအား ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ ရှင်သန်ရေးပရဟိတအသင်းမှ ရေသယ်ယာဉ် တစ်စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ည ၁၁ နာရီ ၂၁မိနစ်တွင် မီးသတ်ကားထွက်ခွာငြိမ်းသတ်သည့် အဆင့် Level 1 သတ်မှတ်ကာ ငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားပြီး နာရီဝက်ကျော်ခန့်တွင် မီးငြိမ်းခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။