ရပ်စောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်တို့တွင် မနေ့က နံနက်ပိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု့ကြောင့် ရေကြီးရေလျံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှု‌ ကြောင့်ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းရေလျှံ၍ ရပ်ကွက်အတွင်းရှ ိနေအိမ်များသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံဖြစ်ပွားရာသို့ ရပ်စောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်ကလည်း တောင်ကြီးနှင့် လွိုင်လင်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်အတူ နေအိမ်အုတ်တံတိုင်းများ၊ သစ်ပင်ကြီးများ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။