အောင်ဆန်းကွင်းရှိ ကားဂိတ်များမှ ကုန်ပစ္စည်း ပို့၊ ရွေး ယနေ့ စပိတ်မည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်း တွင် ဖွင့်လှစ်ထားသည့် အဝေး ပြေးယာဉ်လိုင်းဂိတ်များမှ ကုန်ပစ္စည်းပေးပို့ခြင်း၊ ရွေးယူခြင်း ကို ဩဂုတ် ၅ ရက် (ယနေ့)မှစတင်ကာ ပိတ်သွားမည် ဖြစ်ကြောင်း အဆိုပါယာဉ် လိုင်းဂိတ်များမှ သိရသည်။

ဩဂုတ် ၃ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဂိတ်ပိုင်ရှင်များနှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် ကုန်ပစ္စည်းတင်ပို့ခြင်း၊ ရွေးယူခြင်းများလုပ်ငန်းများကို ပိတ်ထားရန် အသိပေးခဲ့ကြာင်း သိရသည်။

ထို့အတွက် ကုန်ပစ္စည်းတင်ပို့ခြင်း၊ ရွေးယူခြင်းများအတွက် သက်ဆိုင်ရာဂိတ်များရှိရာ သို့မဟုတ် အောင်မင်္ဂလာ အဝေးပြေး ကားဝင်းအတွင်းတွင်သာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အောင်ဆန်းကွင်းရှိ အဝေးပြေးယာဉ်လိုင်းဂိတ်များတွင် ကုန်ပစ္စည်းပေးပို့ခြင်း အတွက် ရက်ပိုင်းခန့် ပိတ်ခဲ့ရခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

sdtimedaily