ကမ္ဘာတွင် နျူကလီးယား ပဋိပက္ခဖြစ်နိုင်ချေရှိနေကြောင်း ဂူတားရက်စ် သတိပေး

ယခင်က တွေးမထားခဲ့သော နျူကလီးယားပဋိပက္ခသည် ဖြစ်နိုင်ချေရှိသော အခြေအနေသို ပြန်လည် ရောက်ရှိလာနေပြီဖြစ်ကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ညီလာခံအဖွင့်တွင် သတိပေးပြောကြားလိုက်သည်။ ၁၉၇၀ ခုနှစ်တွင် စတင် အသက်၀င်ခဲ့သော နျူလက်နက်မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ် ၁၀ကြိမ်မြောက် ပြန်လည်သုံးသပ်ခြင်း ညီလာခံတွင် ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ထိုသိုသတိပေးလိုက်ခြင်းဖြစ်သည်။ ယနေ့အခါ လူသားတိုသည် နားလည်မှုလွဲမှားခြင်းများဖြစ်ပွားနေနကြောင်း၊ ရာသီဥတုအကျပ်အတည်း၊ ပြင်းထန်သော မညီမျှမှုများ၊ အခြားပဋိပက္ခများနှင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပုဂ္ဂလိကဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပျက်စီးမှုများသည် ယခင်က ကြုံတွေ့ခဲ့ရသည်တိုထက် ကမ္ဘာကြီးကို ပိုမိုဖိစီးနေလျှက်ရှိကြောင်း ကိုလည်း ဂူတားရက်စ်က ပြောကြားခဲ့သည်။ Ref: Guterres warns of ‘nuclear annihilation’ at conference over nuclear Non-Proliferation Treaty