အယ်လ်ကိုင်းဒါးခေါင်းဆောင် အမေရိကန်လက်ချက်ဖြင့် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုမှာ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟီရီကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လိုက်ပါတယ်။ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ် ကလူနေအိမ်ရာတစ်ခုမှာ မိသားစုနဲ့အတူ ပုန်းအောင်းနေတဲ့ အယ်လ်ဇာဝါဟီရီကို အမေရိကန်ထောက်လှမ်းရေး CIA က အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ စုံစမ်းရှာဖွေခဲ့ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒရုန်းနဲ့ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ သမ္မတဘိုင်ဒန်က အိမ်ဖြူတော်မှာ ညနေခင်းမိန့်ခွန်းပြောကြားရာမှာ “အယ်လ်ဇာဝါဟီရီဟာ အမေရိကန် အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ လူသတ်မှုတွေကို ရှေ့ဆောင်လမ်းပြလုပ်နေသူ သမ္မတဘို ဖြစ်ပါ တယ်။

အခုတော့ တရားမျှတမှုရှိလာပါပြီ၊ ဒီအကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး” ဆိုပြီးတော့ ပြောကြားခဲ့ ပါတယ်။ အယ်လ်ဇာဝါဟီရီဟာ အယ်လ်ကိုင်းဒါးအဖွဲ့ကို တည်ထောင်သူ အိုစမာဘင်လာဒင် ၂၀၁၁ ခုနှစ်မှာ သေဆုံးပြီးနောက်ပိုင်း အဖွဲ့ခေါင်းဆောင်တာဝန်ကို ယူထားသူဖြစ်ပါတယ်။ သူနဲ့ ဘင်လာဒင်တို့ဟာ အမေရိကန် ပြည်ထောင်စုအတွင်း  ၂၀၁၁ ခုနှစ် စက်တင်ဘာလတိုက်ခိုက်မှုတွေကို စီစဉ်ညွှန်ကြားခဲ့သူတွေဖြစ်လို့ အမေရိကန် ရဲ့ အလိုရှိဆုံး အကြမ်းဖက်သမားတွေဖြစ်ပါတယ်။