ပါတီဗဟိုတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများ သွားရောက်ကူညီ

ပြင်ဦးလွင် ဩဂုတ် – ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးကူညီမှု ဒုတိယနေ့တွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဠ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များသည် ပြင်ဦးလွင်မြို့ ရေဘေးသင့် ပြည်သူများအား ထမင်းဗူး၊ ရေသန့်ဗူး၊ ခေါက်ဆွဲခြောက်များ ဆက်လက်၍ သွားရောက်လူဒါန်းခဲ့ပါသည်။