ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်ပါတီများ အစည်းအဝေးပြုလုပ်

ဇူလိုင် ၄၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ် (၈)မြို့နယ်မှ ပါတီဥက္ကဋ္ဌများ စုံညီအစည်းအဝေးကို ၄-၇-၂၀၂၂ ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ အစည်းအဝေးပြုလုပ်ရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်အား အဖွင့်အမှာစကားအနေဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးမှ ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးနှင့်  ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်ပါတီမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ် (၈)မြို့နယ်မှ ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁:၀၀)နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။