အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ကျင်းပ

 

မန္တလေး စက်တင်ဘာ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားများကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိ မြို့နယ်အတွင်းရှိ နေရာသုံးခု၌ကျင်းပ ခဲ့သည်။

ရှေးဦးစွာ နံနက် ၁ဝ နာရီခွဲတွင် မြို့နယ်ပါတီရုံးဝင်း အတွင်း၌လည်းကောင်း၊ နံနက် ၁၁ နာရီတွင် စစ်ကိုင်း-မန္တလေးကားလမ်းနှင့် ကွမ်းသီးတန်းလမ်းဆုံ၌ လည်းကောင်း၊ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် ဈေးချိုရပ်ကွက် သင်ပန်း ကုန်းရပ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်း ထွန်းဦး၏နေအိမ်၌လည်း ကောင်း လွှတ်တော်ကိုယ်စားလောင်းများပုံပါ အောင်နိုင်ရေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြသည်။

အခမ်းအနားများ၌ မင်္ဂလာအချိန်ကျရောက်သော အချိန်တွင် လွှတ်တော်ကိုယ်စားလောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်များကို လွှတ်တော်အရပ်ရပ်တွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ပါတီတာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဆိုင်းဘုတ်အား သတ်မှတ် နေရာသို့ တင်မြှောက်ကာ ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်ဆိုသောကြွေးကြော်သံများကို သံပြိုင်ဟစ်ကြွေး၍ ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားများ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အခမ်းအနားများသို့အမရပူရမြို့ နယ်ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေ ထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝါဝါလှိုင်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်အောင်ထက်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်စောမြိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ၊ ပါတီအား ဝန်းရံအားပေးသည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။သုတ