ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမြို့နယ်တွင် ကျေးရွာပါတီဆိုင်းဘုတ်တင်

 

မင်းကင်း သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကြွေကျေးရွာအုပ်စု ကြွေကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဆန်းဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာပါတီ ဆိုင်းဘုတ်တင်ခြင်းကို ပြုလုပ်ခဲ့သည်။

ထို့နောက် ကျေးရွာပါတီဝင်များက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးပေးဆောင်ရွက် စေလိုကြောင်းနှင့် တောင်သူများက သီးနှံဈေးနှုန်းများ ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။