သုံးခွမြို့နယ် ကွန်ကလကျေးရွာ၌ ကျေးရွာပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲက ကွန်ကလကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပခဲ့ကြကြောင်း သိရသည်။

ယင်းကွန်ကလကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲသို့ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးကျင်ဝင်းနှင့် တိုက်နယ်တာဝန်ခံ ဦးကြည်ဝင်းဦးဆောင်သော အဖွဲ့က ကွန်ကလကျေးရွာ ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၏နေအိမ်တွင် ကျေးရွာပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ခြင်း ကျင်းပရာ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကြည်စိုးလွင် (သုံးခွ)