ပြည်သူလွှတ်တော်ကိုယ်စားလှယ်မှ ပရဟိတအသင်းများအား PPE ဝတ်စုံများလှူဒါန်း

 

ဇွန် ၂၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်ပရဟိအသင်းများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကို အခြေခံသော စီပွားရေးလုပ်ငန်းများ (၃)လပတ်သီနှံများအား စိုက်ပျိုးကြရန် ပညာပေးလုပ်ငန်းများအားရှင်းလင်းပြောကြားပြီး ပရဟိတအသင်းများ အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံများ လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းများမှ လက်ခံရယူခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဌာနချုပ်မှတာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေပါတီ ကော်မတီဝင် ဦးဖေသန်းဦး၊ ခရိုင် ကော်မတီဝင် ဦးဖိုးသိန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးနိုင်ဦးနှင့်ကော်မတီဝင်များ ပရဟိတအသင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

#ရေဆင်းဖိုးသိန်း