ကော်ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် စီရော်နယ်ဒို၊ မက်ဆီနှင့် ဂွာဒီယိုလာတို့အလှူငွေများအသီးသီးပေးအပ်

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ဘောလုံးလောကသများမှာလည်း တစ်တပ်တစ်အားပါဝင်အားဖြည့်မှုနှင့် ကော်ရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နေကြသည်။ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ၎င်း၏ အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျမန်ဒက်စ်တို့က ပေါ်တိုမြို့နှင့် လစ္စဘွန်းမြို့ရှိ ဆေးရုံး ၃ ရုံအတွက် ကုတင်များ၊ အသက်ရှူစက်များအပါအဝင် အရေးပေါ် လိုအပ်နေသည့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ အလှူငွေ ယူရို ၁ သန်းထည့်ဝင်လှူဒါန်းသွားခဲ့သည်။ အလားတူ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာလည်း ဘာစီလိုနာရှိ ပြည်သူ့ဆေးရုံတစ်ရုံထံ ကော်ရိုနာဗိုင်းရပ် တိုက်ဖျက်ရေးနှင့် သုတေသနလုပ်ငန်းများအတွက် ယူရို ၁ သန်းလှူဒါန်းသွားခဲ့သည်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာမှာလည်း စပိန်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအတွက် ယူရို ၁ သန်းပါဝင်လှူဒါန်းသွားခဲ့သည်။ skysports